အမရပူရမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အမရပူရမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

057


အမရပူရ၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ အမရအောင်မြေခန်းမတွင် မန္တလေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲမှ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်း ဆရာ၊ ဆရာမများအား အဂတိတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဦးစွာဦစီးအရာရှိ ဦးထွန်းလင်းက အဂတိလိုက်စားမှုသဘောသဘာဝ၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာအယူအဆများ၊ ဆရာ ကိုင်စာအုပ်နှင့်ရည်ညွန်းစာစောင်များပါသင်ခန်းစာများ ခေါင်စဉ်ကြီးသုံးခုဖြင့် ဆေးနွေးဟောပြောခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးခွဲမှ ညွှန်ကြားရေးမှုး ဦးအောင်ထူးမြင့်က အဂတိနှင့်ပတ်သက်၍ ဖြည့်စွတ်ရှင်းလင်းခဲ့ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများအတွက် ပြုစုထားသော ဆရာကိုင်သင်ခန်းစာစာအုပ်နှင့် CD ချပ်များကို ခရိုင်ပညာရေးမှူး ဒေါ်ထုရွမ်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုနေ့က ကျင်းပသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြောခဲ့မှုအပေါ် ခရိုင်ပညာရေးမှူး ဒေါ်ထုရွမ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ဟောပြောပွဲသို့ အလယ်တန်းနှင့်အထက်တန်း ဆရာ၊ ဆရာမ ၂၉၀ ဦး တက်ရောက်ခဲ့ကြောင်း ပညာရေးမှူးရုံးထံမှသိ ရသည်။


စိုးသီဟ (အမရ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages