နေပြည်တော်၊ မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ မတ်လ ၁၂ ရက်နေ့က တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ရွှေဝါမြိုင်ကျေးရွာအနီး တရားမဝင်ကျွန်းသစ်များသယ်ဆောင်နေကြောင်း သတင်းအရ စစ်ကွင်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရွှေဝါမြိုင်ကျေးရွာနှင့် တာကလေး ကျေးရွာကြား ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉၇ မိုင် ၈ ဖာလုံနှင့် ၇ ဖာလုံကြားတွင် စောင့်ဆိုင်းနေစဉ် ရွှေဝါမြိုင်ကျေးရွာဘက်မှ တာကလေးကျေးရွာဘက်သို့ ရန်ကုန်-ပြည် ကားလမ်း အတိုင်း အုတ်ဖိုမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဇော်မင်းထွဋ်(၃၁)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ယာဉ်ပိုင်ရှင် သန်းတင့်(၅၉)နှစ် လိုက်ပါလာသည့် BGO 7K-xxxx ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ ကျွန်းခွဲသား ၆၀ ချောင်း၊ ကျွန်းသစ်ဆိုဒ်စုံ လုံး/ခွဲခြမ်း ၁၇ ခု၊ ပျဉ်းကတိုးခွဲခြမ်း ၂ ခု၊ ပျဉ်းကတိုးသစ်လုံး ၁ ခု၊ စုစုပေါင်း ၂.၇၃၂၀၆ တန်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စစ်မေးရာ အဆိုပါသစ်များသည် မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာနေ အေးဟန်(၅၀)နှစ် ပိုင်ဆိုင်သည့် သစ်များဖြစ်ကြောင်း သိရှိရ၍ ဇော်မင်းထွဋ်၊ သန်းတင့် နှင့် အေးဟန်တို့ ၃ ဦးအား စစ်ကွင်းနယ်မြေ ရဲစခန်း (ပ)၁၇/၂၀၂၅၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment