အိန္ဒိယနှင့် မြန်မာနယ်စပ် မဏိပူရဒေသအကြောင်းနှင့် ကဘော်ချိုင့်ဝှမ်းကိစ္စ၊ မီဇိုရမ်လွှတ်တော်အမတ်များ ပြောကြားချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်‌ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အိန္ဒိယနှင့် မြန်မာနယ်စပ် မဏိပူရဒေသအကြောင်းနှင့် ကဘော်ချိုင့်ဝှမ်းကိစ္စ၊ မီဇိုရမ်လွှတ်တော်အမတ်များ ပြောကြားချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်‌ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

010-01


013

012

011

ဒီနေ့မှာတော့ မီဒီယာတွေမေးမြန်းနေတဲ့ အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ ကဘော်ချိုင့်ဝှမ်းကိစ္စပြီးရင် မီဇိုရမ်လွှတ်တော်အမတ်တွေ ပြောကြားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် K. Vanlalvena က အိန္ဒိယနဲ့နယ်စပ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံအနောက်မြောက်ဘက် နေရာဒေသတွေကို သွားရောက်ခဲ့တယ်ဆိုပြီးတော့ The Hindu သတင်း Website မှာ ဖော်ပြထားတာတွေ့ရပါတယ်။

သူပြောကြားတာကတော့ K. Vanlalvena က မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံအတွင်းကို နယ်စပ်ဖြတ်ကျော်ပြီး သွားရောက်ခဲ့တယ်။ အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ နယ်ခြားစောင့်တပ်ကို အသိပေးအကြောင်းကြားခဲ့တယ် ဆိုပြီးတော့လည်း The Hindu သတင်း Website က ဖော်ပြထားတာကို တွေ့ရပါတယ်။ ပြီးရင် CNF၊ CNA ချင်းPDF အဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးလည်း ပြောကြားထားတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယ - မြန်မာနယ်စပ်ချင်းနယ်စပ် ဆက်စပ်တဲ့နေရာပေါ့။ တမူး-ကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီးလည်း အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာ မဏိပူရပြည်နယ် ပါလီမန်လွှတ်တော်အမတ်တစ်ဦးကနေပြီး ဒီဟာနဲ့ပတ်သက်ပြီး ယခင်သမိုင်းကြောင်းအရ အိန္ဒိယဘက်က ပိုင်တယ်ဆိုတဲ့ သဘောမျိုးပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် မီဇိုရမ်ပြည်နယ်ကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများ ကိစ္စနဲ့ပတ်သက်ပြီး ဒီလ ၁၀ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့တာကို တွေ့ရပါတယ်။

ယခင်နှစ် ဇွန်လကနေ ဒီဇင်ဘာလအတွင်း နယ်စပ်ဒေသဖြစ်တဲ့ Aizawl ကို နိုင်ငံခြားသား ၂၀၀၀ နီးပါး လာရောက်လည်ပတ်ပြီး ပြည်နယ်အတွင်းတော့ သွားနေတာမတွေ့ဘဲနဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာ့ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်ရန်ဖြစ် တယ်ဆိုပြီး လွှတ်တော်မှာ တရားဝင်တင်ပြခဲ့တဲ့ သတင်းကိုလည်း The Times Of India သတင်းဌာနကနေပြီး ပြောကြားထားတာကို တွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းချက်ကို ကျွန်တော်ပြောကြားလိုတာကတော့ မြန်မာနဲ့ အိန္ဒိယနိုင်ငံဆိုတာ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ အိန္ဒိယနဲ့ Act East Policy နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ယခင်ကလည်း ပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံအစိုးရအနေနဲ့ အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာကို ဆန့်ကျင်နေတဲ့အုပ်စုများကို မလိုလားသလို မြန်မာနယ်မြေကို အသုံးပြုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုများကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်ခံမထားပါဘူး။ ဒီဟာတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိခဲ့ပါတယ်။ အောင်မြင်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လက်တွေ့ပြသပြီးဖြစ်တယ်ဆိုတာ အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ သိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနဲ့အတူပဲ ယခင်ကအတိုင်း သဘောတူထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် အတိုင်းပဲ ကျွန်တော်တို့ နေထိုင်လျက်ရှိပါတယ်။ မိတ်ဆွေကောင်းပီသစွာ နေထိုင်လျက်ရှိပါတယ်။ မြန်မာ-အိန္ဒိယ နယ်စပ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် မြန်မာ-အိန္ဒိယ နယ်စပ်ဟာ ၁၀၁၀ မိုင် ကျော်ရှည်လျားပါတယ်။ ၁၆၂၆ ကီလို မီတာရှိပါတယ်။ တိုင်းတာပြီး ၉၀၇ မိုင် ကျော်ရှိပါတယ်။ ကီလိုမီတာအားဖြင့် ၁၄၆၀ ကျော် တိုင်းတာပြီးဖြစ်ပါတယ်။ အများစုတိုင်းတာပြီးဖြစ်ပါတယ်။ အခုပြောဆိုနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသဆိုတာလည်း ယခင်တိုင်းတာပြီး အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြားသတ်မှတ်ချက်အနေနဲ့ ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ချုပ်ဆိုထားတဲ့ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ်ပါတယ်။ ဒီကဘော်ချိုင့်ဝှမ်းဒေသနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ယခင်တုန်းကလည်း ၂၀၁၃ တုန်းကလည်း အိန္ဒိယရဲ့ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီက တမူး-ကလေး-မင်းကင်းမြို့နယ်တွေပါဝင်တဲ့ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ယူပေးမယ်ဆိုပြီး မဲဆွယ်တာမျိုးရှိခဲ့တယ်။ ဒါတွေကိုလည်း ကလေးမြို့မှာကော၊ မင်းကင်းမြို့မှာကော ဒေသခံတွေက ဆန္ဒပြကန့်ကွက်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြောကြားချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောကြားလိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့်တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages