နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ ပေါင်းစည်းလယ်ယာနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ ပေါင်းစည်းလယ်ယာနှင့် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

025


တပ်ကုန်း၊ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်မျိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့် မြို့နယ်အဆင့်အသင်းဝင်များ၊ နေပြည်တော် MSME အသင်း ဒုဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် မြို့နယ်အဆင့်အသင်းဝင်များနှင့်အတူ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ တောင်သူ ဦးမောင်သင်၊ ကွင်းအမှတ်(၁၂၇၀-က)ညောင်လွန့်ကွင်း၊ ပေါင်းစည်းလယ်ယာရှင်းလင်းဆောင်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့က ပေါင်းစည်းလယ်ယာအတွင်း သီးနှံစိုက်ပျိုးမှု၊ ဆည်ရေဝင်ရောက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပေါင်းစည်းလယ်ယာလုပ်ငန်းရှင် ဦးမောင်သင်က နွား၊ ဆိတ်၊ ငါးမွေးမြူရေးနှင့် သဘာဝမြေဩဇာ ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြီး နေပြည်တော်ကောင်စီဝင်က ပေါင်းစည်းလယ်ယာစနစ် ပိုမိုဖွံဖြိုးလာရေးလုပ်ငန်းများအား ဆွေးနွေးမှာကြားခဲ့ပြီးနောက် ငါးမွေးမြူရေးကန်များ၊ နွား၊ ဆိတ်မွေးမြူရေးနှင့် နွေစပါးပေါ်ဆန်းမွှေး ဧက ၃၀ စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ရေအေးကျေးရွာအနီး စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမ ရောက်ရှိကာ တောင်သူများနှင့်တွေ့ဆုံခဲ့ရာ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းရန်ပုံငွေအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးရာတွင် မျိုး၊ ​မြေ ၊ ရေနှင့်နည်း မှန်ကန်စွာအသုံးချပြီ ပန်းတိုင်အထွက်နှုန်းကောင်းမွန်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး တစ်ပိုင်တစ်နိုင် ထင်းစိုက်ခင်းများ စီမံစိုက်ပျိုးကြရေး၊ ရပ်ရွာလုံခြုံရေးကောင်းမွန်အောင် ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ကွင်းအမှတ်(၁၄၁၆) အောင်မြေရိပ်သာကွင်း၊  ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော လယ်မြေများတွင် တောင်သူကိုးဦး၊ ၄၅ ဒသမ ၅ ဧက ပြန်လည်စိုက်ပျိုးထားသော နွေပဲတီစိမ်းသီးနှံစိုက်ခင်းများသို့ ရောက်ရှိကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံဝန်ထမ်းက စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က သတ်မှတ်ထွက်နှုန်းပြည့်မီရေး မှာကြားခဲ့ပြီး ပဲတီစိမ်းသီးနှံစိုက်ခင်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


တင်စိုးလွင်


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages