တွံတေး , မတ် ၁၆
နှစ်(၈၀)ပြည့် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန်၌ ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ (၃၃)ကေဗွီ တလုထ္ထော်(တွံတေး) ဓါတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီ ၅၅ မိနစ်က အဆိုပါဓာတ်အားခွဲရုံရှေ့၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စီးပွားရေးရာဝန်ကြီး
ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တွံတေးခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးစံဌေး၊ တွံတေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦညွှန့်နွယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များက တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဓါတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ် အမွှေးနံ့သာပတ်ဖြန်း၍ ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဓါတ်အားခွဲရုံဖွင့်လှစ်ပေးခြင်းအတွက် တွံတေးမွေးမြူရေးဇုန်ဥက္ကဋ္ဌ ဦးတင်ရွှေမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ (၃၃)ကေဗွီ တလုထ္ထော်(တွံတေး)ဓါတ်အားခွဲရုံဖွင့်လှစ်ခြင်း အထိမ်းအမှတ်အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပြီး တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဓါတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
တွံတေးသား
https://t.me/MyanmarNationalPost
No comments:
Post a Comment