နေပြည်တော်၊ မတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တပ်ကြီး-ကံလှ ကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်းသုံးမိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ရှစ်ရွာမှ လူဦးရေ ၅၉၇၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ပျော်ရွှင်ဝမ်းမြောက်လျက်ရှိသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၉ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း မိုင် ၂၀ ၃ ဖာလုံ၊ ကျောက်လမ်းပြင်၊ ထိန်းလေးမိုင်၊ ကတ္တရာလမ်းလေးမိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁၁ မိုင် ၃ ဖာလုံ၊ ကွန်ရစ်လမ်း ၃ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်တံတားရှစ်စင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်းနှစ်ခု၊ ကျောက်စီရေမြောင်း ပေ ၁၅၀၊ မြေပြိုဖယ်ရှားခြင်း ငါးမိုင်ခြောက်ဖာလုံ၊ လမ်းတာချဲ့ခြင်းနှစ်မိုင် နှစ်ဖာလုံ၊ ပညာရေးလုပ်ငန်းနှစ်ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းတစ်တွင်း၊ သာသနာရေးလုပ်ငန်းရှစ်ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းခြောက်ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်းခြောက်ခုကို စုစုပေါင်းခွင့်ပြုရန်ပုံငွေ ၁၂၈၆၂ ဒသမ ၂၁၅ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment