နေပြည်တော်၊ မတ် ၁၇
တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ကင်းသာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယနေ့ နံနက်ပိုင်းက လုံခြုံရေးဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ဘက်မှ တပ်ကုန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ 8F- 9486 light Truck ဖြူ/ ပြာရောင်ယာဉ်အား စစ်ဆေးရာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။
ယာဉ်မောင်း ဦးကျော်ဇင်ဦး၊ ဖိုကုန်းကျေးရွာ၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နေသူနှင့်
ယာဉ်နောက်လိုက် ဦးသိန်းမြင့်ဝင်း တို့သည် နနွင်းတက်အိတ်များ အတွင်း လက်နက် ခဲယမ်းများ ထည့်သွင်း သယ်ဆောင်လာခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် MA 1 MKII ၅ လက်၊ MA- 2 MKII ၂ လက်၊ MA 3 MKII ၁ လက်၊ MA 11 ၁ လက်၊ BA 63 ၂ လက်၊ Foregin Gun ၃ လက်၊ MG - 42 ၁ လက်၊ Pistol (Revolves) .32 ၁ လက် စုစုပေါင်းလက်နက်ငယ်မျိုးစုံ ၁၆ လက် သိမ်းဆည်းရမိခဲ့သည်။
ကျည်အမျိုးအစားများမှာ ၅.၅၆ ကျည် ၆၀၂ တောင့်၊ ၇.၆၂ ကျည် ၁၀၁၅ တောင့်၊ ၃၂ ကျည် (တို) ၄၇ တောင့်၊ ၃၂ ကျည်(ရှည်) ၅ တောင့်၊ ၁၂ ဗို့ ကျည် ၁၁ တောင့် စုစုပေါင်းကျည် ၁၆၈၀ တောင့် နှင့် M61 လက်ပစ်ဗုံး ၂ လုံး၊ 91 လက်ပစ်ဗုံး ၁ လုံး စုစုပေါင်း ( ၃ )လုံး၊ ကျည်အိမ်အရှည် (၁၇)ခု၊ ကျည်အိမ်အဝိုင်း(၂)ခု စုစုပေါင်း(၁၉)ခု သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ယူနီဖောင်း၊ ဘက်တံဆိပ်၊ စကားပြောစက်၊ စာရွက်စာတမ်းများပါရှိရာ B.T.M Army ဘက်တံဆိပ် ၁ ခု၊ M.K.C.D.F ဘက်တံဆပ်ပ် ၁ ခု၊ မြို့ပြတော်လှန်ရေးတပ်ဦး ဘက်တံဆိပ် ၁ ခု၊ ပြည်သူ့ကာကွယ်ရေးတပ် ဘက်တံဆိပ် ၁ ခု၊ ဗိဿနိုး PDF ဘက်တံဆိပ် ၁ ခု၊ 96 Solder ဘက်တံဆိပ် အနက် ၁၀ ခု၊ အနီ ၁၀ ခု၊ ကယန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံမူကြမ်း စာအုပ် ၂ အုပ်၊ ပျောက်ကြားစိမ်းယူနီဖောင်း( ဘက်တံဆိပ်မပါ) ၃ စုံ၊ Icom လမ်းလျောက်စကားပြောစက် ၃ လုံး၊ Icom အားသွင်းခွက် ၂ ခု၊ လက်ကိုင်ဖုန်း ၅ လုံး သိမ်းဆည်းရမိခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment