ပုဇွန်တောင် , မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီရေး အချိန်မီ ပြီးစီးရေးဆောင်ရွက်ရန်၊ လုံခြုရေးသတိပြုဆောင်ရွက်ရန်၊ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးလျက်ရှိရာ ဌာနဆိုင်များတွင်ရှိပါက စာရင်းပေးပို့ကြရန်၊ ထူးခြားဖြစ်စဥ်များ အချိန်နှင့်တစ် ပြေးညီပေးပို့ရန် Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုလျက်ရှိပြီး မကြာမီ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးအဆင်ပြေစေရေးတို့အား သက်ဆိုင်ရာဌာနများမှပူးပေါင်းဆောင်ရွက်ရန်၊ နွေရာသီတွင် သင်တန်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်၊ မြေပြင်လူဦးရေစာရင်း ကောက်ယူရာတွင် မှန်ကန်မှုရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိရန်နှင့် ပြည်သူ့ စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost
No comments:
Post a Comment