ချောင်းသာမြို့၊ ရွှေသာယာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ချောင်းသာမြို့၊ ရွှေသာယာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

071


ချောင်းသာ၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်သရုပ်ပြခြင်းကို ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ရွှေသာယာမြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နည်း၊ ညမီးငြှိမ်းသတ်နည်းများ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးစိုးဦးနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး မြို့မီးသတ်ဦးစီးမှူး ဦးချစ်သဲမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှု ဖြစ်ပွားရခြင်းဖြစ်စဉ် အကြောင်းရင်းများ၊ မီးလောင်မှု၊ မီးလန့်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်နည်းအခြေခံနည်းလမ်း၊ မီးငြှိမ်းသတ်နည်းများနှင့် မီးငြှိမ်းသတ်နည်း ပစ္စည်းကိရိယာများ သုံးစွဲနည်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်းနည်းလမ်းများကို ရှင်းလင်း ဆွေးနွေးပြီး လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ပြသခဲ့ကြသည်။

အဆိုပါ အရေးပေါ်မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်သရုပ်ပြပွဲသို့ ရွှေသာယာမြို့မဈေးမှ ဈေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြပြီး ကိုယ်တိုင်ပါဝင် လက်တွေ့သရုပ်ပြငြှိမ်းသတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


ချောင်းသာ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages