လှည်းကူး၊ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သခွတ်ပင်ကျေးရွာ ကုန်ထုတ်လမ်းနှင့်တံတားသစ်ဖွင့်ပွဲအား ယမန်နေ့ နံနက် ၈ နာရီက သခွတ်ပင်ကျေးရွာအုပ်စု၊ သခွတ်ပင်ကျေးရွာရှိ အဆိုပါလမ်း မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်းက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး သခွတ်ပင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက်ကုန်ထုတ်လမ်းနှင့် တံတားသစ်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လှည်းကူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ ရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်ကုန်ထုတ်လမ်းနှင့်တံတားသစ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါသခွတ်ပင်ကျေးရွာကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လမ်းအရှည်(၁)မိုင်(၆.၃၀၃)ဖာလုံ၊ လမ်းအကျယ်(၁၄)ပေနှင့် ထု (၉) လက်မ၊ တံတားအရှည်ပေ(၆၀)၊ အကျယ်(၁၄)ပေရှိပြီး၊ အဆိုပါကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်ပေးခြင်းဖြင့် ဒေသနေပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးရန်အတွက်အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment