သဲကုန်းမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ




သဲကုန်း၊ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်မူလတန်းဆင့်နှင့် အလယ်တန်းဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)နှင့် အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တို့တွင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲကို ဆရာ/ဆရာမများ သင်ကြားမှုအရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး မူလတန်းအဆင့်၌ သင်တန်းနည်းပြဆရာ(၆၈)ဦးဖြင့် သင်တန်းသား/သင်တန်းသူ၊ ဆရာ၊ ဆရာမ(၉၆၄)ဦး၊ အလယ်တန်းအဆင့်၌ သင်တန်းနည်းပြ(၁၂)ဦးဖြင့် သင်တန်းသား/သင်တန်းသူ၊ ဆရာ၊ ဆရာမ(၁၈၇)ဦးတို့သည် မတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ  KG မှ GRADE-5 နှင့် Grade-6မှ Grade-9 အထိ သင်ရိုးညွှန်းတမ်းများအရ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချမှုများအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ   ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


မြို့နယ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)