တာချီလိတ်မြို၌ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွါးအား စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ဖူးမြော်ကြည်ညို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တာချီလိတ်မြို၌ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွါးအား စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ဖူးမြော်ကြည်ညို

 

009

008

တာချီလိတ်, ,  မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့မှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွါးအား ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက တာချီလိတ်ရွှေတိဂုံစေတီတော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေတိဂုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်နှင့် မြို့မိမြို့ဖများ၊  ရဟန်းရှင်လူ ပြည်သူများက သီရိလင်္ကာနိုင်ငံစွယ်တော်တိုက်တွင် ရင်ငွေ့လှုံထားသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွါးတစ်ဆူအား ရွှေတိဂုံစေတီတော်မုခ်ဦးဝမှ ရင်ပြင်တော်အထိ စည်ကားသိုက်မြိုက်စွာ လှည့်လည်အပူဇော်ခံပြီး ဓမ္မာရုံကြီးအတွင်းသို့  ပင့်ဆောင်ကြသည်။

ထို့နောက် တာချီလိတ်မြို့၊ မဟာဗောဓိကမ္မဋ္ဌာန်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏသီရိ (မဟာဓမ္မကထိက ဗဟုဇနဟိတဓရ)က သီရိလင်္ကာနိုင်ငံ၊ ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွါး၏ သမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားပြီး ပရိတ်တရားတော်များကို ရွတ်ပွားပူဇော်သည်။

အဆိုပါ သီရိလင်္ကာနိုင်ငံ စွယ်တော်တိုက်တွင် ရင်ငွေ့လှုံထားသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွါးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးစေတီတော်မှတစ်ဆင့် ကျိုင်းတုံသာသနာရေးမှူးထံသို့ ရောက်ရှိလာပြီး ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြှော်ကြည်ညိုနိုင်ရန် ရွှေတိဂုံဓမ္မာရုံကြီးအတွင်း နံနက် ၆ နာရီမှ ညနေ ၉ နာရီအထိ အပူဇော်ခံသွားမည်ဖြစ်ကြောင်းနှင့် စံကျောင်းတော် ဆောက်လုပ်ပြီးစီးပါက နေ့ညကိန်းဝပ် ပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages