အမေရိကန် နဲ့ ဥရောပ မဟာမိတ်တွေ ဝေးကွာသွားနိုင်တယ်လို့ ဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အမေရိကန် နဲ့ ဥရောပ မဟာမိတ်တွေ ဝေးကွာသွားနိုင်တယ်လို့ ဆို

013

မတ်- ၁ ( စနေနေ့ ) 

ယူကရိန်း- ရုရှား ပဋိပက္ခနဲ့ ပတ်သက်လို့ အမေရိကန်က ရုရှားဘက်ကို လိုက်တဲ့ အတွက် အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ် ဥရောပနိုင်ငံတွေနဲ့ ဝေးကွာသွားနိုင်တယ်လို့ ဥရောပသမဂ္ဂထိပ်တန်း သံတမန်တစ်ဦးက ဆိုလိုက်ပါတယ်။ 

အီးယူ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်နှင့် အက်စ်တိုးနီးယား ဝန်ကြီးချုပ်ဟောင်း (၂၀၂၁-၂၀၂၄) ကာဂျာကောလက်သည် နိုင်ငံခြားရေးမူဝါဒ နဲ့ ပတ်သက်လာရင် သူမရဲ့ ခက်ထန်တဲ့ အမြင်များကြောင့် လူသိများပါတယ်။ 

ကြာသပတေးနေ့က Axios မီဒီယာနှင့်အင်တာဗျူးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အခြားအမေရိကန် အကြီးတန်းအရာရှိများသည် မကြာသေးမီရက်သတ္တပတ်များအတွင်း "ရုရှားဘက်ကပြောတဲ့ ဇာတ်ကြောင်းများနှင့် စကားပြောဆိုချက်များကိုပဲ အရေအယူပြုနေတဲ့အတွက် "အဆင်မပြေဘူး"လို့ သူမကပြောကြားခဲ့ပါတယ်။  

“ကျမတို့အပေါ် ထုတ်ပြန်တဲ့ ကြေညာချက်တွေက တော်တော်လေး ပြင်းထန်နေတယ်။ ရုရှားနှင့်ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကတော့  အလွန်ဖော်ရွေနေပါတယ်။ ဒါဟာ အပြောင်းအလဲတစ်မျိုးဖြစ်နေတာပါပဲ”  ကောလက်က သုံးသပ်ပါတယ်။ ရုရှားကို “ဘာမှမဖြစ်ခဲ့သလိုမျိုးထားထားတယ်။ ပြီးတော့ နိုင်ငံတကာ စားပွဲဝိုင်းတွေမှာ လှည့်ပတ်ခွင့်ပြုနေတော့  ဥရောပမှာတင်မကဘဲ လက်နက်ကိုင် ပဋိပက္ခတွေ ပိုများလာမယ်”လို့ သူမက အခိုင်အမာ ပြောပါတယ်။ 

သူမက အမေရိကန်အရာရှိများသည် “[ရုရှားသမ္မတ ဗလာဒီမာပူတင်] နှင့် လွတ်လပ်စွာပြောဆိုခွင့်ရှိသော်လည်း မည်သည့်သဘောတူညီချက်မျိုးကိုမဆို အကောင်အထည်ဖော်ရန်အတွက် ဥရောပသားများ လိုအပ်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုများတွင် အီးယူနဲ့ ယူကရိန်းတို့ မပါဝင်ဘူး ဆိုရင် မည်သည့်သဘောတူညီချက်ကိုမဆို အကောင်အထည် ဖော်ဖို့က ဖြစ်လာမှာ မဟုတ်ဘူး” လို့ သူမက ပြောပါတယ်။ 

ဒီလအစောပိုင်းက ဆော်ဒီအာရေးဗီးယားမှာ ကျင်းပခဲ့တဲ့ အမေရိကန်-ရုရှား ညှိနှိုင်းမှုမှာ ကိယက်ဗ်က ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေကို ဖယ်ထုတ်ခဲ့ပါတယ်။ ဝါရှင်တန်နှင့် မော်စကိုတို့က နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ရေးကို ပထမဆုံး ဗဟိုပြုသည့် ဆွေးနွေးပွဲဖြစ်သောကြောင့် အခြားပါတီများကို ဖိတ်ကြားခဲ့ခြင်း မရှိတာပါလို့တော့ ပြောပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages