အမေရိကန်ထုတ်လက်နက်တွေ မဝယ်ဖို့အတွက် အီးယူမှာ စည်းရုံးမှုတွေ လုပ်နေကြပြီ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အမေရိကန်ထုတ်လက်နက်တွေ မဝယ်ဖို့အတွက် အီးယူမှာ စည်းရုံးမှုတွေ လုပ်နေကြပြီ

106

မတ် - ၁၇ ( တနင်္လာနေ့ ) 

အီးယူသည် အမေရိကန်လုပ်လက်နက်များအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ပြီး အခြားရွေးချယ်စရာများကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြင်သစ်သမ္မတ အမ္မာနျူရယ် မာခွန် က ပြောကြားခဲ့ပါတယ်။  စနေနေ့တွင် ထုတ်လွှင့်သော ပြင်သစ်မီဒီယာနှင့်အင်တာဗျူးတွင် မာခွန်က အီးယူရဲ့ လက်နက်တပ်ဆင်ရေး ကြိုးပမ်းမှုများတွင် အဖွဲ့ဝင်နိုင်ငံများသည် "အမေရိကန်မှ စစ်လက်နက်ပစ္စည်းများ ကိုဝယ်ယူခြင်း" ကို ရပ်တန့်ပြီး ဥရောပ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများထံ မှ ဝယ်ပါက ပိုမိုထိရောက်မှုရှိမယ်လို့ ပြောဆိုလိုက်ပါတယ်။ 

အဲ့ဒိမှတ်ချက်များက ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန် ရဲ့ မကြာသေးမီက အဆိုပြုချက်အတိုင်း အီူယူရဲ့ စုပေါင်းကာကွယ်ရေးကို အားကောင်းစေရန် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၈၇၅ ဘီလီယံ) အထိ ရအောင် စည်းရုံးနိုင်ခဲ့ပါတယ်။  ReArm Europe လို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်များ တိုးချဲ့ရန် အဖွဲ့ဝင်နိုင်ငံများကို ဘဏ္ဍာရေးမက်လုံးပေးတဲ့ အစီအစဉ်ကြောင့် ပူးတွဲကာကွယ်ရေးပရောဂျက်များအတွက် ချေးငွေ ယူရို ၁၅၀ ဘီလီယံ အဆိုပြု ရရှိထားပါတယ်။  

တွေ့ဆုံမေးမြန်းခန်းတွင် မာခွန် သည် မကြာသေးမီက ပြင်သစ်ကာကွယ်ရေး စက်မှုလုပ်ငန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့အား အမေရိကန်အစား အခြားရွေးချယ်စရာများအဖြစ် ရပ်တည်ရန် အားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ "ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးထုတ်ကုန်များရှိသည့် စနစ်များတွင် အမေရိကန်ကနေ လက်နက် ဝယ်ယူလေ့ရှိသော ဥရောပနိုင်ငံများထံ ချဉ်းကပ်နိုင်စေရန် ထုတ်လုပ်သူများအား ကျနော်အကြံပြုခဲ့ပါတယ်။ အမေရိကန် ထုတ်လက်နက်တွေ နဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်တွေကို လိုက်မီအောင် ထုတ်လုပ်သူတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ပစ္စည်း နမူနာတွေကိုတောင်းပြီး ထုတ်လုပ်ဖို့ ပြောထားပါတယ်”

ဥရောပထုတ်လက်နက်တွေက ပိုမိုဆွဲဆောင်မှုရှိစေရန်၊ ကာကွယ်ရေးကုမ္ပဏီများသည် ကုန်ကျစရိတ် လျှော့ချရန်၊ လုပ်ငန်းစဉ်များကို ရိုးရှင်းစေရန်နှင့် ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း မာခွန်ကပြောပါတယ်။ အဲ့လို အမေရိကန်ထုတ်လက်နက်တွေ မဝယ်ရေးကိစ္စက အီးယူကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ရန် မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများအား ကိုးကားပြီး ပြောဆိုသွားပါတယ်။

"မခန့်မှန်းနိုင်တဲ့ စွမ်းအားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့အပေါ် မှီခိုမှု နည်းပါးဖို့ လိုပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုနှင့် မဟာဗျူဟာ ဆက်ဆံရေးကို မြှင့်တင်ခြင်းဖြင့် ကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုလွတ်လပ်လာစေရန်အတွက် ကျနော်တို့ရဲ့ အချုပ်အခြာအာဏာမူဝါဒကို အရှိန်မြှင့်ပေးခြင်းကို ပြောတာပါ" လို့ ဆိုပါတယ်။ 


REF: RT                                   

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages