ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေး

020

021

022

023


ပွင့်ဖြူ၊ မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်ခွင့်ရရှိရေးအတွက် မတ် ၂၂ ရက်၊ ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးကျော်သူရ ဦးဆောင်သော ဝန်ထမ်းများက သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရ ဦးဆောင်သော ဝန်ထမ်းများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စု၏ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြန်လည်ကိုင်ဆောင်ခွင့်ရရှိစေရန် မီးဘေးသင့်အိမ်ထောင်စုဝင်များကို အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင် စုလူဦးရေစာရင်းများ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ Biographic Data နှင့် Biometric Data များ စနစ်တကျ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီဂဏန်း (၁၀) လုံး ပါဝင်သည့် Unique ID နံပါတ် သတ်မှတ်ကာ ကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် ယခုလ ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကြောင်း သိရပြီး အဆိုပါ မီးဘေးသင့်အိမ်ထောင်စုဝင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးက မီးဘေးသင့်အိမ်ထောင်စုဝင်များ၏ မီးလောင်မှုကြောင့် ပျက်စီးသွားသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြန်လည်ကိုင်ဆောင်ခွင့်ရရှိစေရန် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးကျော်သူရက ပြောပြ၍ သိရသည်။ 


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages