နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

077

078

079

080

081

082

083

084

နေပြည်တော်၊ မတ် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် လှိုင်မြို့နယ်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်း ပညာ ဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမတွင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေး က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့မှုနှင့် တက္ကသိုလ်၏ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များ၊ ဖွဲ့စည်းပုံ၊ ဘာသာရပ်အလိုက်၊ ပညာသင်နှစ် အလိုက် သင်ကြားပေးလျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပ ဘွဲ့လွန်သင်တန်း တက်ရောက်ရန် ပညာတော်သင်များ ရွေးချယ်စေလွှတ်လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ နည်းပညာ အသုံးပြုသင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ်ဖြင့် သင်ကြားပေးလျက်ရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ လုပ်ငန်းခွင်သင်တန်း စေလွှတ်မှုနှင့် အလုပ်အကိုင်ရရှိမှု၊ International Conference on Advanced Information Technologies (ICAIT) များတင်သွင်းနိုင်မှု၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် အဆောက်အဦ တည် ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တက္ကသိုလ်အတွင်း သင်ကြားရေးနှင့် နေထိုင်ရေးဆိုင်ရာ အဆောက်အဦ လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းပြီး တက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူ များ၏အဆောင်များ နေရာချထားရာတွင် စနစ်တကျဖြစ်ရန်လိုပြီး သင်ကြားရေးဝန်ထမ်း များ၏ အိမ်ယာများ၊ အဆောင်များကိုလည်း စနစ်တကျထားရှိရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်ရန်အတွက်လည်း စီမံဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ယခု သတင်းအချက်အလက် နည်းပညာတက္ကသိုလ် သည် အစဉ် အလာရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံအတွက် အကျိုးပြုနိုင်သည့် သင်ကြားမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် တက္ကသိုလ်အတွင်း သန့်ရှင်းသာယာ လှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အတွင်း လှည့်လည်၍ စာကြည့်တိုက် အတွင်းရှိ Digital Library စနစ်၊ လေ့ကျင့်ရေးအထောက်အကူပြုစနစ်၊ AI နည်းပညာသုံး သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုစနစ်တို့ဖြင့် သင်ကြားပို့ချပေးနေမှုများ၊ လက်တွေ့ခန်း K-LAB အတွင်း ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့လေ့ကျင့် သင်ကြားပေးလျက်ရှိမှုများနှင့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုခန်းများ ထည့်သွင်း တည်ဆောက် ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးနှင့် ဆရာ၊ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တက္ကသိုလ်၊ ပင်မသုံးထပ်ဆောင်ခန်းမ၌ ပါမောက္ခချုပ်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်အတွင်း လာရောက်စစ်ဆေး စဉ် လမ်းညွှန်မှာကြားချက်များအား ဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်အတွင်း လိုအပ်လျက် ရှိသည့် အဆောက်အဦများနှင့် လမ်းများထပ်မံဖြည့်တင်းတည်ဆောက်နိုင်ရေးလျာထား ဆောင်ရွက်လျက်ရှိမှု၊ တက္ကသိုလ်နယ်နိမိတ်လိုင်း စနစ်တကျရေးဆွဲသတ်မှတ်ပြီးစီးမှု၊ Recreation Center တည်ဆောက်ရန် Master Plan ၌ ထည့်သွင်းရေးဆွဲထားရှိမှု၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လာမည့်ပညာသင်နှစ်အတွင်း လိုအပ်သည့် ပြင်ဆင်မှုများကို ယခုထက် ပို မိုပြည့်စုံစွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေ စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ကျောင်းအဆောက်အဦးများတည်ဆောက်ရာတွင် လိုအပ်သည့်အဆောက် အဦမှာ တက္ကသိုလ်အင်္ဂါရပ်နှင့် ကိုက်ညီစွာတည်ဆောက်နိုင်ရေး ကြိုတင် Plan ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းပရိဝုဏ်အတွင်း သစ်ပင်ပန်းမန်များစိုက်ပျိုးရာတွင် စနစ်တကျ စိုက်ပျိုးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ပင်မသုံးထပ်စာသင်ဆောင်အသစ် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ကျောင်းဝင်း အတွင်းရှိ စာသင်ဆောင်များနှင့် ပွဲကြည့်စင်နှင့် ပြေးလမ်းပါဘောလုံးကွင်း တည်ဆောက် နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

လှိုင်သာယာမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်း ဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လို ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိရာ ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာမြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန်လမ်းညွှန်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ လှိုင်သာယာဘုရင့်နောင်ပြည်သူ့ပန်းခြံအား နိုင်ငံတော်အကြီးအကဲ၏ လမ်း ညွှန်မှာကြားချက်နှင့်အညီ ဘက်စုံသုံး အဆောက်အဦများ၊ ပျော်ပွဲရွှင်ပွဲကျင်းပရန် နေရာများ၊ ယာဉ်ရပ်နားရန်နေရာများ၊ ကစားကွင်းများ၊ ရေကူးကန်များအပါအဝင် အများပြည်သူအပန်းဖြေရန်နေရာများ ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများ၊ ပန်းခြံအတွင်းပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့မှုနှင့် ပြည်သူအများအပြား ပျော်ရွှင်စွာ လာရောက်ဆင်နွဲခဲ့မှုများ၊ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခင်နှစ်လာရောက်စစ်ဆေးစဉ် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များ စနစ်တကျရှိစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ ပြီး လုပ်ငန်းဆောင်ရွက်မှုများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့မြင်ရကြောင်း၊ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရေး ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင် ဆောင်ရွက် သွားရန်လိုကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်း ဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရေဝင်ရေထွက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မိုးရာသီ ကာလသို့ မရောက်ရှိမီ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေထွက်ပေါက်များ စနစ်တကျ ဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပိုင်းအလိုက်၊ လုပ်ငန်းဧရိယာအလိုက် တစ်ဆင့်ချင်း စနစ်တကျဖြင့် ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်အတွင်း စက်ရုံ၊ အလုပ် ရုံအများအပြားရှိပြီး အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသည်ဖြစ်သဖြင့် ပလက်ဖောင်းများ အဆင့်မီကောင်းမွန်ရန်လိုကြောင်း၊ မြို့နယ်အတွင်းစိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် စနစ်တကျစီမံကိန်းချ၍ ဆောင်ရွက်သွားရန်လိုပြီး မြို့နေပြည်သူလူထုနှင့် ကိုက်ညီသည့် လူနေမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ဧရိယာအတွင်း တည်ရှိသည့်အတွက် အဆင့်မီ သည့် မြို့ဖြစ်စေရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်အကောင် အထည် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လို အပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages