စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ဖြေဆိုနေမှုများနှင့် နွေရာသီအခြေခံအားကစားသင်တန်းများ သင်ကြားလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ဖြေဆိုနေမှုများနှင့် နွေရာသီအခြေခံအားကစားသင်တန်းများ သင်ကြားလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

020

021

022

023

024

025

မုံရွာ၊ မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်ဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း (အလုံ) တို့ရှိ သက်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဘာသာရပ်များအလိုက် ဖြေဆိုနိုင်ရန်အတွက် တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန်၊ စနစ်တကျဖြေဆိုနိုင် ရေးအတွက်တာဝန်ရှိသူများမှ ကြပ်မတ်သွားကြရန်နှင့် ကျောင်းများပတ်ဝန်းကျင်ဆူညံမှုများ မဖြစ်စေရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ စာဖြေအဆောင်များအတွင်း လေဝင်လေထွက်ကောင်းမွန်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ ကြီးကြပ်ရေးမှူးများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် စာစစ်ဌာန ၃၅ ဌာနတွင် ဓာတုဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း- ၇၄၆၀ ဦးနှင့် ပထဝီဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ - ၂၄၀၃ ဦး၊ စုစုပေါင်း - ၉၈၆၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း- ၉၅.၈၄ ရာခိုင်နှုန်းဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ၂၀၂၅-ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ အေရိုးဗစ်သင်တန်းများ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ သင်တန်းသား/သင်တန်းသူများနှင့် နည်းပြများအတွက် တူညီဝတ်စုံများ၊ လေ့ကျင့်ရေးအားကစားပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း ခရာတေး၊ မြန်မာ့သိုင်း၊ ရိုးရာခြင်းနှင့် ကြက်တောင်သင်တန်းများ သင်ကြားလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ သင်တန်းသား/သင်တန်းသူများနှင့် နည်းပြများအတွက် တူညီဝတ်စုံများ၊ လေ့ကျင့်ရေးအားကစားပစ္စည်းများအား ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။

အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ Fitness Dance/ အေရိုးဗစ်၊ ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဗိုဗီနမ်၊ အားကစား (၁၃) မျိုး၌ သင်တန်းသား၊ သင်တန်းသူ ၇၄၄ ဦး တက်ရောက်လျက်ရှိရာ သင်တန်းများအား မတ်လ ၁၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages