မြို့သစ်၊ မတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူငယ်လူရွယ်များ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက (New Fecture )စားသောက်ဆိုင်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အမှာစကားပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းလင်းက လူကုန်ကူးမှု၏ အဓိပ္ပာယ်၊ လူကုန်ကူးခံရသည့် အကြောင်းအရင်းများ၊ မြို့နယ်ဥပဒေအရာရှိ ဦးမင်းသူက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနုထွေးက အမျိုးသမီးများ၊ ကလေးသူငယ်များအနေဖြင့် လူကုန်ကူးမှုခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်
https://t.me/MyanmarNationalPost
No comments:
Post a Comment