အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် မိသားစုများသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီပေးအပ်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် မိသားစုများသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီပေးအပ်ပွဲကျင်းပ

001

002

003

004

ရန်ကုန်၊ မတ် ၂၃

အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် မိသားစုများသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီပေးအပ်ပွဲကို ၂၁-၃-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းက ကြည့်မြင့်တိုင်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ စံကားဖြူခန်းမတွင် ကျင်းပသည်။ 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ယူနီဖောင်းများနှင့် မိသားစုများအတွက် ဆန်နှင့် ဆီများ ပေးအပ်ကြရာ မြို့နယ်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ (ကိုယ်စား) စမ်းချောင်းမြို့နယ်မှ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages