ပေါင်၊ မတ် ၂၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မီးခိုး /မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့်လျော့နည်းစေရေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေး၌ ပြုလုပ်ခဲ့သည်။
လက်ကမ်းစာစောင်များ ပေးဝေရာတွင် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သစ်တောဦးစီးဌာန၊ကျေးလက်လမ်းဦးစီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့က ကဒါရပ်ကွက် မင်္ဂလာဈေး၌ ဈေးရောင်းသူ၊ ဈေးဝယ်သူများလက်ဝယ်အရောက်ပေးဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အကြောင်းအရင်းများ၊မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့်လေထုညစ်ညမ်းစေသော ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် အလွန်သေးငယ်သည့်အမှုန်တွေအကြောင်းစသည်များကြောင့် လူတွေကိုထိခိုက်စေသည့်အတွက်ကြောင့်လူတိုင်းကအသိကိုယ်စီဖြင့် အမှိုက်များမီးရှို့ခြင်းမှရှောင်ရန်စသည့်အကြောင်းအရာများ ကိုပေးဝေခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment