“မြန်မာ့အနာဂတ်ဘဝလှပဖို့ - မြန်မာ့တန်ဖိုးမြှင့်ကြစို့” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

“မြန်မာ့အနာဂတ်ဘဝလှပဖို့ - မြန်မာ့တန်ဖိုးမြှင့်ကြစို့” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

013

နေပြည်တော်၊ မတ် ၂၂

၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဆွေးနွေးပြောကြားရာတွင် စိန်ခေါ်မှုများကို နည်းလမ်း ပေါင်းစုံဖြင့် ကျော်လွှားပြီး နိုင်ငံတိုးတက်ရေးကိုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သားများအနေဖြင့် ယနေ့မှစပြီး “ မြန်မာ့အနာဂတ်ဘဝလှပဖို့ - မြန်မာ့တန်ဖိုးမြှင့်ကြစို့” ဟု လေးနက်စွာ တိုက်တွန်းပြောကြားလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး က မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကိုဆောင်ရွက်လျက်ရှိသော နိုင်ငံ ဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဝါနှင့် ရော်ဘာတို့မှ ထုတ်လုပ်သည့် ကုန်ချော ပစ္စည်းများကို တင်ပို့ရောင်းချနိုင်သကဲ့သို့ ဆန်၊ ပဲ နှင့် အခြားသီးနှံများကိုလည်း ယခုထက် တင်ပို့ နိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့တင်ပို့နိုင်ရန် အတွက် အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင် အောင် အမှန်တကယ်အလုပ်လုပ်ရန်လိုအပ်ခြင်း ဖြစ်ကြောင်း။

စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံလိုအပ်ချက်များမှာ လူ့စွမ်းအားအရင်း အမြစ်(HR) နှင့် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ နိုင်ငံတွင် လူဦးရေ ၅၁ သန်းခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပညာရေးကဏ္ဍ၌ လိုအပ်ချက်များရှိနေသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများအတွက် ပညာတတ်လူသား အရင်းအမြစ်များလိုအပ်သဖြင့် အခြေခံပညာရေး စနစ်ကို မြှင့်တင်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည့်အပြင် အဆင့်မြင့်ပညာရေး စနစ်များကိုလည်း နိုင်ငံတော်မှ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထားပြီး Polytechnic University များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း။

တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အာမခံချက်များ ပေးနိုင်ရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ၏ GDP ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေ ဖြင့် ပြည်သူများလိုလားပြီး နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒများကိုလည်း ဥပဒေနှင့်အညီ လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် မတူကွဲပြားသည့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ အကြားတွင်ရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍လည်း လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အခွင့်အလမ်းများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို နည်းလမ်း ပေါင်းစုံဖြင့် ကျော်လွှားပြီး နိုင်ငံတိုးတက်ရေးကိုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သားများအနေဖြင့် ယနေ့မှစပြီး “ မြန်မာ့အနာဂတ်ဘဝလှပဖို့ - မြန်မာ့တန်ဖိုးမြှင့်ကြစို့” ဟု လေးနက်စွာ တိုက်တွန်းပြောကြားလိုကြောင်း ဆွေးနွေးပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages