ကလောမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်‌ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် (၂/၄)မိုင်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကလောမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်‌ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် (၂/၄)မိုင်ဖွင့်ပွဲ ကျင်းပ

056


ကလော၊ မတ် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့နယ်၊‌‌ ဘော်နင်းကျေးရွာအုပ်စု၊ ညောင်ကုန်း-လက်မောင်းကွေးလမ်းတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်‌သော ကျေးရွာချင်းဆက်ကတ္တရာလမ်းသစ် (၂/၄) မိုင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ကလောခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့်‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးတို့က ညောင်ကုန်း- လက်မောင်းကွေးကတ္တရာလမ်းသစ် (၂/၄)မိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားကို ဒုတိယပိုင်းအစီအစဥ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဆောင်ရွက်ရာတွင် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍ၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကို အဓိက ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ညောင်ကုန်း-လက်မောင်းကွေးကတ္တရာလမ်းသစ် ၂ မိုင် ၄ ဖာလုံကို နေ့စဉ်အသုံးပြုကြမည့် မော်တော်ယာဉ်၊ ဆိုင်ကယ်အသုံးပြုမောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း အန္တရာယ်ကင်းစွာမောင်းနှင်အသုံးပြုကြရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် လမ်း၊ တံတားများကို ရေရှည်တည်တံ့အောင် ကျေးလက်ဒေသခံပြည်သူများအားလုံးကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် အမှာစကား‌ပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး(မြို့ပြ)မှ ဦးမျိုးမင်းသန့်က ကျေးရွာချင်းဆက်ကတ္တရာလမ်းအပိုင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဒေသခံ‌ကျေးရွာကိုယ်စား ဘော်နင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညိုအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများအား ကတ္တရာလမ်းသစ်ဖွင့်ပွဲအမှတ်တရလက်‌ဆောင်များ‌ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါလမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာ (၈)ရွာ၊ အိမ်ခြေ (၆၀၇)အိမ်၊ လူဦးရေ (၂၃၉၃)ဦး၊ စိုက်ပျိုးမြေဧက (၁၇၅၀)အား အကျိုးပြုပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် အ.မ.က (၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁) ကျောင်း အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။


မြို့နယ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages