ဟင်္သာတမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဟင်္သာတမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချ

145

146


ဟင်္သာတ၊ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ အမျိုးသားခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ ဟင်္သာတမြို့နယ်ပညာ ရေးမှူး ဦးထင်အောင်ကျော်၊ ပညာရေးဌာတာဝန်ရှိသူများနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။ 

အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဟင်္သာတမြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်ကသင်တန်းသား/သူ ဆရာ/မများအနေဖြင့် မိမိတို့သင်ကြားလျက်ရှိသော ဘာသာရပ်များအလိုက် သင်ကြားရေးစွမ်းရည်များ မြင့်မားလာစေရန် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ နည်းပြဆရာ/မများ၏ သင်ကြားပို့ချ မှုများအား သေချာစွာမှတ်သားလေ့လာကြစေလိုကြောင်း၊ သို့မှသာ မိမိတို့တာဝန်ကျရာ အခြေခံပညာကျောင်းများ၌ သက်ဆိုင်ရာဘာသာရပ်များအပေါ် ကျောင်းသား/သူများအလွယ်တကူ နားလည်မှတ်သားနိုင်ရန် ပြန်လည်သင်ကြား ပြသပေးနိုင်မည်ဖြစ်ကြောင်းစသဖြင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည် မြှင့်သင်တန်းအား အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် နည်းပြဆရာ/မ (၄၅) ဦး၊ သင်တန်းသား/သူ ဆရာ/မ(၆၃၆)ဦးတို့ဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည် မြှင့်သင်တန်းအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နည်းပြ ဆရာ/ဆရာမ (၅၁) ဦး၊ သင်တန်းသား/သူ ဆရာ/မ (၈၃၅) ဦးတို့ဖြင့်လည်းကောင်း၊ မူလတန်းဆင့်ကို နည်းပြ (၁၃၀) ဦး ၊ သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမ (၁၆၅၀) ဦးတို့ဖြင့်မြို့ပေါ်ရှိ အ.ထ.က ၂၊ အ.ထ.က ၃၊ အ.ထ.က ၄​ ကျောင်းများတွင် ၂၀၂၅ ရက်နေ့မှ ၂၈.၃.၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages