ဓနုဖြူမြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဓနုဖြူမြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

087


ဓနုဖြူ၊ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့်နှင့်မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါသင်တန်းများဖြစ်သော မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သင်တန်းနည်းပြဆရာ (၃၁)ဦး၊ နည်းပြဆရာမ (၃၅)ဦး၊ စုစုပေါင်း (၆၆)ဦးတို့မှ စာသင်ခန်း(၃၃)ခန်းတွင် KGတန်းမှ GRADE-5 အထိ မြို့နယ်အတွင်းရှိ သင်တန်းသား ဆရာ/မ (၁၀၂၃)ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး ဘာသာရပ်များအားလည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့် မွမ်းမံသင်တန်းကို သင်တန်းနည်းပြဆရာ(၉)ဦး၊ နည်းပြဆရာမ(၁၅)ဦး စုစုပေါင်း (၂၄)ဦးတို့မှ စာသင်ခန်း (၆)ခန်းတွင် GRADE- 6 မှ GRADE-9 အထိ သင်တန်းသား ဆရာ၊ ဆရာမ (၂၂၉)ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်းအစရှိသည့် ဘာသာရပ်များအား မတ်လ (၂၄) ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ (၄)​ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


အောင်ပြည့်ဖြိုးဇော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages