ဘားအံ၊ မတ် ၂၇
ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာကို အလွယ်တကူ လေ့လာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၅)ကို ဖွင့်လှစ်သင်ကြားပေးပြီး သင်ကြားတက်ရောက်မှု ဆန်းစစ်ချက် ဖြေဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ဒေါ်ခက်ခက်ဝင်း (ကထိက) က အမှတ်ပေးစည်းမျဉ်းများအကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲတွင် သင်တန်းသား၊ သင်တန်းသူ (၃၈) ဦး တက်ရောက်ဖြေဆိုခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment