ပါလက်စတိုင်းတွေကို အစ္စရေးက လုပ်တယ်လို့ စွတ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှု နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကုလသမဂ္ဂ စတင်လုပ်ပြီ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပါလက်စတိုင်းတွေကို အစ္စရေးက လုပ်တယ်လို့ စွတ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှု နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကုလသမဂ္ဂ စတင်လုပ်ပြီ

055

မတ် - ၁၄ ( သောကြာနေ့ ) 

၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့က ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့ ဟားမတ်တွေက အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှု ကို လက်တုံ့ပြန်ခြင်းအာဖြင့် အစ္စရေးစစ်တပ်က ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသတွေကို  ၁၇ လကြာ တိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။ အဲ့ဒိတိုက်ခိုက်မှုအတွင်းမှာ  “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲ့  မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများကို စနစ်တကျ ဖျက်ဆီးခြင်း” လုပ်ခဲ့တယ် ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က မနေ့က စွပ်စွဲခဲ့ပါတယ်။ 

ဂျီနီဗာရှိ လူ့အခွင့်အရေးကောင်စီကြားနာပွဲသို့ တင်ပြသည့် စာမျက်နှာ ၄၉ မျက်နှာပါ အစီရင်ခံစာတွင် ပါလက်စတိုင်းအမျိုးသမီး၊ အမျိုးသား၊ မိန်းကလေးနှင့် ယောက်ျားလေးများအပေါ် ကျူးလွန်သည့် ချိုးဖောက်မှုများသည် ပါလက်စတိုင်းများအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမှုတွင် အဓိကကျသည့် အစိတ်အပိုင်းဖြစ်ပြီး ဥပဒေမဲ့ သိမ်းပိုက်ခံရမှုနှင့် နှိပ်စက်ညှဉ်းပန်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန် လူ့အခွင့်အရေး  ကော်မရှင်အဖွဲ့က တင်သွင်းခဲ့ကြောင်း ပါလက်စတိုင်းသတင်းတွင် ဖော်ပြထားပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ရန် အစ္စရေးက ငြင်းဆိုထားကြောင်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထာပါတယ်။ အစ္စရေးကတော့ ကုလသမဂ္ဂ က ဂျူးဆန့်ကျင်ရေး အဖွဲ့အစည်းကသာ ထုတ်လုပ်နိုင်တဲ့ မဟုတ်မဟတ် စာရွက်စာတမ်း နဲ့ အချက်အလက်တွေကို ကိုးကားပြီး သမိုင်းတွင် အဆိုးရွားဆုံး အသရေဖျက်မှုတွေ လုပ်နေတယ်ဆိုပြီး အစီရင်ခံစာကို ပယ်ချခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူများက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် ဒေသတွင်း အခြချနေထိုင်သူတွေကို  မုဒိမ်းကျင့်မှုနှင့် အကြမ်းဖက်မှုများ လုပ်တဲ့အပြင် အရှက်ရစေဖို့  ခြိမ်းခြောက်မှုများလုပ်ဖို့  အပါအဝင် အခြေချနေထိုင်သူများကို အနိုင်ကျင့်မှုလုပ်ဖို့  အစ္စရေးအရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များက အမိန့် သို့မဟုတ် သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း ဆိုထားပါတယ်။ 

ဖမ်းဆီးမှုများနှင့် စစ်ဆေးမေးမြန်းမှုများအတွင်း ပါလက်စတိုင်းများအပေါ် အစွန်းရောက်မုန်းတီးမှုများနှင့် "လူမဆန်အောင် အပြစ်ပေးလိုသောဆန္ဒ" ကြောင့် ဖမ်းဆီးခံရစဉ်နှင့် သံသယရှိသူများ၏ ချုပ်နှောင်မှုအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကော်မရှင်က တွေ့ရှိခဲ့ကြောင်းဆိုပါတယ်။ 

အမျိုးသမီးများအား မုဒိမ်းမှုဖြင့် ခြိမ်းခြောက်လေ့ရှိပြီး လူမြင်ကွင်းတွင် သို့မဟုတ် စစ်သားများရှေ့တွင် ၎င်းတို့၏ မျက်နှာဖုံးများကို ချွတ်ရန် သို့မဟုတ် ဖယ်ရှားခိုင်းခြင်းများနှင့် "ကျူးကျော်အရှက်ရစေမည့် ရှာဖွေမှုများ၊ ခြိမ်းခြောက်မှုများ၊ နှုတ်နှင့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုများ" အကြောင်းကို မှတ်တမ်းတင်ထားသည်။ အထူးသဖြင့် မွတ်စလင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝတ်စားဆင်ယင်မှုဆိုင်ရာ ကိစ္စရပ်များအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကြောင်း ကော်မရှင်က ပြောကြားခဲ့ပါတယ်။

အမျိုးသားများနှင့် ယောက်ျားလေးများအား အေးခဲသော အစ္စရေး ထိန်းသိမ်းရေး စခန်းများတွင် ရက်အတော်ကြာ အဝတ်ဗလာဖြင့် ချုပ်နှောင်ထားခဲ့ပြီး ၎င်းတို့သည် ၎င်းတို့အား အဓမ္မပြုကျင့်ခဲ့ကြောင်း အများအပြားက ဆိုသည်။ စစ်သားများက အခြားအကျဉ်းသားများရှေ့တွင် အတင်းအကြပ် အဝတ်ဗလာဖြင့် အတင်းအကြပ် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြတယ်လို့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ 


REF - UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages