ဗြိတိန်မှာတော့ အွန်လိုင်းဘေးကင်းရေးဥပဒေ စပြီး အသက်ဝင်ပြီ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဗြိတိန်မှာတော့ အွန်လိုင်းဘေးကင်းရေးဥပဒေ စပြီး အသက်ဝင်ပြီ

127

မတ် - ၁၇ ( တနင်္လာနေ့ ) 

ဒီကနေ့ တနင်္လာနေ့ကနေစပြီး ဗြိတိန်နိုင်ငံမှာ အွန်လိုင်းဘေးကင်းရေးဥပဒေ စပြီး အသက်ဝင်ပြီး လို့သိရပါတယ်။ အဲ့ဒိဥပဒေ အကောင်အထည်ပေါ်လာတဲ့အတွက် အွန်လိုင်း အဖွဲ့အစည်းတွေအနေနဲ့  တရာမဝင်တဲ့ အကြောင်းအရာများ ဖော်ပြခဲ့ပါက ဒဏ်ငွေ ( သို့ ) နိုင်ငံလုံးဆိုင်ရာ ပိတ်ဆို့မှု အပြစ်ဒဏ်တွေကို ခံရမှာပဲ ဖြစ်ပါတယ်။ 

ဗြိတိန်၏ လွတ်လပ်သော ဆက်သွယ်ရေး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ Ofcom က "ယနေ့မှစ၍ ယူကေရှိလူများအား ရာဇ၀တ်မှုမှ ကာကွယ်ရန် အွန်လိုင်းပလပ်ဖောင်းများ စတင်စစ်ဆေးမှု ဆောင်ရွက်ခံရတော့မှာပဲဖြစ်ပါတယ် " လို့ ထုတ်ပြန်ကြေညာခဲ့ပြီး လိုက်နာမှု ရှိ၊ မရှိအား စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ 

ဝဘ်ဆိုက်များနှင့် အက်ပ်များအားလုံးသည် ၎င်းတို့တင်ထားတဲ့ အွန်လိုင်းပေါ်က အကြောင်းအရာများတွင် တရားမဝင်ဟု ယူဆသည့်အရာများ ပေါ်ပေါက်လာပါက တာဝန်ယူ ရမည်ဖြစ်ပြီး အကဲဖြတ်ခံရမှာပဲ ဖြစ်ပါတယ်။ ရာဇ၀တ်မှုဆိုင်ရာ အသုံးပြုသူများက ဝက်ဘ်ဆိုက်များ၊ အက်ပ်များမှ ဖန်တီးထားသော အကြောင်းအရာများကို အသုံးပြုတာကို စစ်ဆေးတွေ့ရှိလျှင် ပြစ်ဒဏ်ခံရမှာပဲဖြစ်ပါတယ်။  Ofcom က မူဝါဒအရ ယခုအခါ ပလပ်ဖောင်းများသည် တရားမဝင်သောအရာများကို တတ်နိုင်သမျှ မြန်မြန်ဖယ်ရှားထားဖို့လိုပြီ ဖြစ်ကြောင်း  ပြောကြားထားပါတယ်။ 


REF : UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages