ပေါင်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ် အေးချမ်းစွာဖြေဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ ဘာသာရပ် အေးချမ်းစွာဖြေဆို

011

012

013

014

015

016

017

018

ပေါင်၊ မတ်  ၁၇

၂၀၂၄-၂၀၂၅  ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ (၁၇) ရက်‌နေ့တွင်နိုင်ငံတစ်ဝှမ်း၌ မြန်မာစာ ဘာသာရပ်  ပထမနေ့  ကို တစ်ပြိုင်နက်တည်း  ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (  ၉၄.၀၁  )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါင်မြို့နယ်တွင် (အထက)ပေါင်၊ (အထက)ဇင်းကျိုက်၊ (အထက) မုတ္တမ  စာစစ်ဌာန (၃)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ  မြန်မာစာ ဘာသာရပ်  ဖြေဆိုခွင့်ရှိသူ ( ၆၈၈ )ဦးရှိသည့်အနက် ကျောင်းသား၊ကျောင်းသူ ( ၆၄၇ )ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အအေးဘူးများလည်းပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages