ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုကို ထိုင်းအောက်လွှတ်တော်က ပယ်ချ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုကို ထိုင်းအောက်လွှတ်တော်က ပယ်ချ

035

ဘန်ကောက်၊ မတ် ၂၆ 

ထိုင်းအောက်လွှတ်တော်က မတ် ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေထုံတန်အပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ နောက်ဆုံးတွင် ထိုအဆိုကို ပယ်ချခဲ့သည်။

အဆိုပါနေ့ နံနက်ပိုင်း မဲခွဲဆုံးဖြတ်မှုတွင် အယုံအကြည်မရှိ အဆိုကို ကန့်ကွက်မဲပေးသော အောက်လွှတ်တော်အမတ် အရေအတွက်သည် ထက်ဝက်ကျော်ခဲ့ရာ လွှတ်တော် ဥက္ကဋ္ဌ Wan Muhamad Noor Matha က ထိုအဆိုကို ပယ်ချခဲ့သည်။

ကြီးကြပ်ရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကာ အမျိုးသား အကျိုးစီးပွားကို သေချာမှုရှိစေရန် ဘက်အသီးသီးက ပြည်သူ့ကိုယ်စားလှယ်တာဝန်များကို အပြည့်အ၀ ကျေပွန်အောင် ထမ်းဆောင်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အစိုးရအဖွဲ့က ဆွေးနွေးရန်ကိစ္စရပ်အားလုံးကို အသေးစိတ် ရှင်းလင်းတင်ပြခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိအာဏာရပါတီနှင့် အတိုက်အခံပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကျေးဇူးတင်ရှိကြောင်း အယုံအကြည်မရှိအဆို ပယ်ချခံရပြီးနောက် ပေထုံတန်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

ယခုအကြိမ် မဲခွဲဆုံးဖြတ်မှု၏ ထောက်ခံမဲဖြစ်စေ၊ အယုံအကြည်မရှိမဲဖြစ်စေ အားလုံးမှာ ၎င်းနှင့် အစိုးရအဖွဲ့၏ ပြည်သူများအတွက် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရန် တွန်းအားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပေထုံတန်က ပြောကြားခဲ့သည်။

ယခုအကြိမ် အယုံအကြည်မရှိ အဆိုမှာ အတိုက်အခံအဖွဲ့မှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ပေထုံတန် ရာထူးတာဝန်ယူချိန်မှစ၍ ပထမအကြိမ်အဖြစ် အယုံအကြည်မရှိ အဆိုအား မဲခွဲဆုံးဖြတ်ခြင်းဖြစ်သည်။ ပေထုံတန်သည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အောက်လွှတ်တော် အထူးအစည်းအဝေး မဲပေးမှုတွင် လွှတ်တော်အမတ် တစ်ဝက်ကျော်၏ ထောက်ခံမှုရရှိခဲ့ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages