ထန်းတပင်၊ မတ် ၂၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်း မြေစိုက်နံရံကပ်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးနုံးချိပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍ စိုစွတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း အပူဒဏ်အန္တရာယ်ကျရောက်သည့် လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်းစသည့် အပူဒဏ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ လိုက်နာရန်အချက်များ၊ ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး မြေစိုက်နံရံကပ်ဘုတ်များစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင့် သိရသည်။
မြို့နယ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment