တာမွေမြို့နယ်၌ ၂၀၂၅ - ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူ (၉၄)ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တာမွေမြို့နယ်၌ ၂၀၂၅ - ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူ (၉၄)ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေဆို

025

026

027


တာမွေ၊ မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ၂၀၂၅-ခုနှစ် မတ်လ(၁၇)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်ကို တာမွေ မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန(၂)ခု တို့တွင် ဆက်လက်ကျင်းပလျက်ရှိပြီး ကျောင်းသား/သူ (၉၄)ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဆက်လက်ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

အဆိုပါ တာမွေမြို့နယ်ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု အခြေအနေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၌ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၃၁၄)ဦး၊ ကျောင်းသူ(၃၁၀)ဦး စုစုပေါင်း (၆၂၄)ဦးရှိရာ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား(၃၀၁)ဦး၊ ကျေင်းသူ(၂၉၀)ဦး စုစုပေါင်း (၅၉၁)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄.၇၁)ရာခိုင်နှုန်း အထိရှိကြောင်းနှင့် စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်      

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages