မြောင်းမြ၊ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ကျုံသွတ်ကျေးရွာအုပ်စုရှိ ပေါက်တိန်းကျေးရွာတွင် နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇:၀၀) နာရီအချိန်က တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးအုန်းမြင့်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ကမ္ပည်းမော်ကွန်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းခွင့်ပြုငွေကျပ်သန်း (၂၉၇.၉၄) သန်းဖြင့် မြေသားလမ်းချဲ့ခြင်း (ဝ/၄.၈၄၈) မိုင် ၅ ၄၊ ဂဝံလမ်းခင်းခြင်း၊ (ဝ/၄.၈၄၈) မိုင် ၁၅ ၉နှင့် ကွန်ကရစ်တံတား (၆၀ ၁၄ ၁၃.၅) လုပ်ငန်းများကို (၂၄.၆.၂၀၂၄) ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး (၉.၃.၂၀၂၅) ရက်နေ့တွင် လုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးခဲ့သည်။ ပေါက်တိန်းကျေးရွာ ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားဆောင်ရွက်ပြီးစီးပြီးဖြစ်သဖြင့် ကျေးရွာမှ ကုန်ထုတ်စပါးနှင့် အခြားသီးနှံများ လွယ်လင့်တကူ သက်တောင့်သက်သာ အချိန်တိုတွင်း ဈေးကွက်သို့အရောက် ပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment