မော်လမြိုင်မြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မော်လမြိုင်မြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

008

009


မော်လမြိုင် , မတ်  ၉


မြန်မာ့ သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်း ဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံးပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့လှုပ်ရှားမှုအထိမ်းအမှတ် မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်းနှင့် နိုင်ငံတော် အစိုးရအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် မြန်မာ့သနပ်ခါးပင်၏ ဆေးဖက်ဝင်ပုံများ၊ မြန်မာ့ဓ‌လေ့နှင့်အညီ သနပ်ခါးအပေါ်ချစ်မြတ်နိုးမှု၊ အသုံးပြုမှု စသည်တို့နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages