ဒုတိယဝန်ကြီးဦးဌေးလှိုင် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဒုတိယဝန်ကြီးဦးဌေးလှိုင် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

019

နေပြည်တော်၊ မတ် ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Eduardo Jose A. De Vega နှင့်အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်၍ ထိထိရောက်ရောက် တားဆီးကာကွယ်တိုက်ဖျက်ဆောင်ရွက်နေမှု၊ ယင်းသို့ဆောင်ရွက်ရာတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများ ကူညီကယ်တင်ဆောင်ရွက်မှုနှင့် ယင်းတို့အနက် ဖိလစ်ပိုင်နိုင်ငံသားများအား ကူညီကယ်တင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကူညီကယ်တင်ထားသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရေး လုပ်ငန်းစဉ်အလိုက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်/ထွက်ခွာလျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသားများနှင့် မြန်မာ - ဖိလစ်ပိုင်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages