အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်‌ပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်‌ပေးအပ်

005


တောင်ဥက္ကလာပ၊ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းဝန်ဆောင်မှုလုပ်ငန်းများ ကုမ္ပဏီမှ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား၏ ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ၂၁-၃-၂၀၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာနှင့်ကမ္ဘာတစ်ဝှမ်းဝန်ဆောင်မှုလုပ်ငန်းများ ကုမ္ပဏီမှ အာမခံအလုပ်သမား ဒေါ်ကြည်ပြာမျိုးတင့်၏ မိခင်ဖြစ်သူအား ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် (၁၅၀၀၀၀၀၀/-) ကျပ်သိန်းတစ်ရာ့ငါးဆယ်တိတိအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ သင်္ဃန်းကျွန်းမြို့နယ် လူမှုဖူလုံ‌‌ရေးရုံးမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးများ၊ အာမခံလုပ်သမား၏ မိသားစုဝင်များနှင့် အလုပ်ရှင်/ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ခင်ဆွေနှင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages