ကျောက်ပန်းတောင်း၊ မတ်၂၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့မစည်ပင်သာယာဈေးဝန်းကျင်နှင့် လူစည်ကားရာ ကားဂိတ်များတွင် ဖြန့်ဝေခဲ့ကြသည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ လက်ကမ်းစာစောင်တွင် တပ်မတော်နေ့အား ဂုဏ်ပြုရေးသားထားသည့် ဥယျောဇဉ်နှင့်နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်နှင့် ကဗျာ၊ ကာတွန်းများ ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ လေ့လာဖတ်ရှုနိုင်စေရန် အချက်အလက်များကိုထည့်သွင်း ဖော်ပြထားကြောင်း သိရပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးနှင့် အနီးဝန်းကျင် လူစည်ကားရာကားဂိတ်များတွင် လက်ကမ်းစာစောင် (၄၈၀)စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment