VOA, RFA အပါအဝင် ပြည်ဖျက်မီဒီယာတွေမှာ သတင်းလုံးဝဖော်ပြခြင်း မရှိပါဘူး။ ပြည်ဖျက်မီဒီယာတွေမှာ ဒေါ်လာစားဘဝနဲ့ သာယာနေတဲ့ လူ့မိစ္ဆာများက မြန်မာပြည်ကို ဂျောက်ထဲတွန်းချဖို့သာ အစဉ်သဖြင့် ကြိုးပမ်းအားထုတ်နေရခြင်းကြောင့် ကိုယ့်အကြောင်းကိုယ် မရေးနိုင်/ မပြောနိုင် ဖြစ်နေရတယ်လို့ ထင်ပါတယ်။
ပြည်ဖျက်မီဒီယာတွေ မပြောတဲ့ အကြောင်းကို VOA သတင်းဌာနကနေ နှုတ်ထွက်ခဲ့တဲ့ ဦးသန်းလွင်ထွန်းက အနည်းငယ်မျှ ပြောဆိုထားပါတယ်။
သူပြောတာကတော့ - (VOA/RFA ဖျက်သိမ်းခံရပြီ) တဲ့
VOA နဲ့ RFA တို့ရဲ့ခေါင်းကိုင်(Umbrella)အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ USAGM (United States Agency for Global Media) ကို (တခြားအေဂျင်စီအချို့နဲ့အတူ) အမေရိကန်ဖက်ဒရယ်ဗြုရိုကရေစီအုပ်ချုပ်ရေးရဲ့မလိုအပ်တဲ့ကဏ္ဍ/အဖွဲ့အစည်းတွေ အဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ၁၄ မတ်လ ၂၀၂၅ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါပြီ။
သတင်းနောက်ဆက်တွဲတွေ သိရမှဆက်ပြောပါမယ် လို့ သန်းလွင်ထွန်း က အိမ်ဖြူတော်ထုတ်ပြန်ချက်နဲ့ တွဲပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
https://t.me/MyanmarNationalPost
No comments:
Post a Comment