ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရုရှားအနုပညာအဖွဲ့ ဖျော်ဖြေပွဲသို့ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရုရှားအနုပညာအဖွဲ့ ဖျော်ဖြေပွဲသို့ တက်ရောက်

013


နေပြည်တော်၊ မတ် ၂၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ A.V. Alexandrov Acadamic Song and Dance Ensemble of the Army အဖွဲ့၏ ဖျော်ဖြေပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပသည်။

ဖျော်ဖြေပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒေါ်နုမြဇံ၊ ဦးအေးကျော်၊ ဦးရင်မောင်ညွန့်၊ ဒေါက်တာမျိုးသန့်၊ ဒေါက်တာအောင်ဇေယျနှင့် ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ A.V. Alexandrov Acadamic Song and Dance Ensemble of the Army အနုပညာအဖွဲ့က Song about the Soviet Army ၊ It’s time to hit the road ၊ Dear Long ၊ Chardash An instrumental number ၊ Fly away on the Wings of the Wind ၊ Black Eyes ၊ Hay!, Coachman go to the Yard ၊ OH! The viburnul is blooming ၊ Darkie ၊ On a Sunny meadow ၊ “Quadrille” A ballet solo number ၊ Kamarinskaya ၊ Cossacks in Berlin ၊ Love, Brother, Love ၊ Will I go out on the River ၊ Russian Dance ၊ I’ll go outside ၊ Kalinka ၊ လှေကလေးစီးကြမယ် (မြန်မာတေးသီချင်း)၊ Moscow Nights ၊ Katyusha စသည့် တေးသီချင်းစုစုပေါင်း အစီအစဉ် ၂၁ ခုကို ရုရှားရိုးရာတူရိယာများတီးခတ်၍ ဘဲလေးအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဆိုပါအနုပညာအဖွဲ့ကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages