နေပြည်တော်၊ မတ် ၁၁
ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး များသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၁၀-၃-၂၀၂၅ ရက်၊ တနင်္လာနေ့၊ (၁၃:၀၀)နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများပါဝင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်း ဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ အနေဖြင့် မိတ်ဆက်တင်ပြကြသည်။
ထိုသို့တင်ပြမှုများပြီးသည့်နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာ၌ ပြည်ပသို့ သွားရောက် တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား သတ်မှတ်ရွေးချယ်စေလွှတ်ခြင်းခံရမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း၊ သံတမန်ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးဆုံးတာဝန်မှာ နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိရိုသေရန် အထူးမှာကြားလိုကြောင်း၊ သံတမန်တစ်ဦးသည် အရည် အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရား ရှိရှိဆောင်ရွက်နိုင်မှသာ မိမိကိုယ်မိမိ တန်ဖိုးမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ သံတမန်ဆိုသည်မှာ လူအင်အားအနည်းဆုံးဖြင့် ကြီးမားသည့် တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်၍ သံတမန်အရည်အသွေးများ တိုးတက်နေအောင်၊ ထက်မြက် နေအောင် အစဉ်အမြဲကြိုးစားကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် လူမျိုးအတွက် အကျိုး ဖြစ်ထွန်းမည့်ကိစ္စရပ်များကို သတ္တိရှိရှိ တာဝန်ထမ်းဆောင်ရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို သိရှိထားရန် လိုအပ်ကြောင်း၊ သံတမန်ကျင့်ဝတ်နှင့်အညီ နေထိုင်ပြီး ပေးအပ်သည့်တာဝန်များကို စိတ်ရင်းစေတနာထား၍ မျှော်မှန်းချက်ရှိရှိ ဆောင်ရွက်ရန် လိုပါကြောင်း၊ တစ်ဦးချင်းအလိုက် နေထိုင်ကျင့်ကြံရမည့် အပြုအမှုများ၊ ကြိုးစားအားထုတ်မှုများကို ဆင်ခြင်ဉာဏ်သုံး၍ ဆောင်ရွက်ကြရန် အရေးကြီး ကြောင်း၊ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံအကြောင်းကို ကြိုတင်လေ့လာသွားရန် လိုအပ်ပြီး သိရှိမှသာ တာဝန်ထမ်းဆောင်မှုတွင် အဆင်ပြေချောမွေစေမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာမှာ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြေမပျက်စောင့်ကြည့်နေရမှာဖြစ်ပြီး သံတမန် ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ရန်သူကို မိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို အကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း၊ ရောက်ရှိသည့်နိုင်ငံတွင် မြင်တွေ့ရသည့် ဖြစ်ပေါ် တိုးတက်မှုများကို နမူနာယူ၍ အားသာချက်/အားနည်းချက်များကို သင်ခန်းစာယူတတ်ရန် လိုကြောင်း၊ သံတမန်ဖြစ်သည့်အတွက် Communication Skill/ Negotiation Skill ကောင်းမွန်ပြီး ကျွမ်းကျင်မှု ရှိရန်လိုကြောင်း၊ သံတမန်တစ်ဦးဖြစ်သည့်အတွက် Capacity Building ကို အစဉ်အမြဲ မြှင့်တင်နေရန် လိုအပ်သလို သားသမီးများ၏ ပညာရေးကိုလည်း အားပေးရန် မှာကြားလိုကြောင်း၊ ယနေ့ခေတ် တိုးတက်လာသည့် နည်းပညာရပ်များကို လေ့လာသင်ယူပြီး ထိရောက်စွာ အသုံးချ တတ်ရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံကို အကောင်းဆုံးကိုယ်စားပြု (Represent) လုပ်နိုင်သူဖြစ်ရန် ကြိုးစားတာဝန်ထမ်းဆောင်ကြရန်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း လက်တွဲညီညီဖြင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် အပြန်အလှန်အထောက်အကူပြုရန် ဖြစ်ကြောင်း၊ သံတမန်တစ်ဦးအနေဖြင့် ဘာသာစကားများ ကျွမ်းကျင်မှုရှိအောင် အစဉ်အမြဲကြိုးစားကြရမှာဖြစ်ပြီး ကမ္ဘာသုံးဘာသာ စကား၊ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဘာသာစကားကိုပါ တတ်မြောက်နိုင်ရေး ကြိုးစားလေ့လာသင်ယူစေလိုကြောင်း၊ သံရုံးများတွင် လူအင်အားနည်းပြီး အစုအဖွဲ့လိုက် တာဝန်ထမ်းဆောင်ရသည့်အတွက် ညီညွတ်မှုရှိမှ အလုပ်တွင်ကျယ်စေမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လည်း မှာကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်းသိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment