ငပု‌တောမြို့၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သင်္ကန်းကုန်း-ကညင်ငူကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငပု‌တောမြို့၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သင်္ကန်းကုန်း-ကညင်ငူကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

016

017


ငပုတော , မတ် ၂‌၆


နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သင်္ကန်းကုန်းစံပြကျေးရွာရှိ သင်္ကန်းကုန်း-ကညင်ငူကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။


ဦးစွာ သင်္ကန်းကုန်း‌စံပြကျေးရွာ သာသနာဝိပုလာကာရီရွှေကျောင်းတိုက်ဆရာတော် သာသနာဓဇဓမ္မာစရိယဘဒ္ဒန္တဥုးစန္ဒာဝရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲလင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများက လမ်းဆိုင်းဘုတ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။


အဆိုပါ ကျေးရွာချင်းဆက် ရွာလယ်လမ်းမကြီး ကွန်ကရစ်လမ်းသစ်အား ဆရာတော် ဘဒ္ဒန္တ ဥူးစန္ဒာဝရမှဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်စေတနာရှင်အလှူရှင်များစုပေါင်း၍ ဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည်ပေ ၃၇၅၀ ပေနှင့် အကျယ် ၁၀ပေ၊ ထု(၆)လက်မရှိပြီး တန်ဖိုးငွေကျပ် (၁၀၃၀၉၀၁၀၀)ကျပ်ဖြင့် ဆောင်ရွက်ခဲ့ပြီး  ရွာလယ်လမ်းမကြီး  တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းအားဖြင့်  စိုက်ပျိုးထွက်ကုန်များနှင့် စားသောက်ကုန်များအား  အချိန်တိုအတွင်း ကျေးရွာအချင်းချင်း  ကုန်ကျစရိတ်သက်သာစွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် သင်္ကန်းကုန်း၊ ထော်ပုဏ္ဏား ကျေးရွာချင်းဆက် တံတားပြန်လည်တည်ဆောက်ပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages