ဆိပ်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူသူများ အောင်မြင်၍ ဈေးကောင်းရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဆိပ်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူသူများ အောင်မြင်၍ ဈေးကောင်းရရှိ

095

096


ဆိပ်ဖြူ၊ မတ် ၂၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူသူများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် မိသားစုငွေရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူသူအများက လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြသည်။ လက်ရှိဆောင်သီးနှံ စိုက်ခင်းသိမ်းရာသီကာလ၌ တိရိစ္ဆာန်များအတွက် အစာရေစာပေါများသည့် ကာလဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဆိတ်ငယ်တစ်ကောင်လျှင် (၇၀၀၀၀)ကျပ်ခန့်၊ ဆိတ်မတစ်ကောင်လျှင် (၁၀၀၀၀၀)ကျပ်မှ (၂၃၀၀၀၀)ကျပ်ထိ၊ ဆိတ်ထီးတစ်ကောင်လျှင် (၄၀၀၀၀၀)ကျပ်ထိ ဈေးရရှိပြီး မွေးမြူထားသည့် ဆိတ်များကို ဒေသတွင်း ဆိတ်မွေးမြူသူများနှင့် မိတ္ထီလာဘက်မှ ကုန်သည်များက အများဆုံးလာရောက်ဝယ်ကြကြောင်း၊ ဆိတ်မတစ်ကောင်မှာ တစ်နှစ်ကို ဆိတ်သားပေါက် နှစ်ကောင်ပုံမှန်မွေးဖွားပြီး ကိုယ်ဝန်တစ်ခုရရှိကာ တခါတလေ နှစ်ကောင်တစ်ကြိမ်တည်း မွေးဖွားတတ်ကြောင်း၊ ဆိတ်တစ်အုပ်လျှင် ဆိတ်ထီးနှစ်ကောင်မှ သုံးကောင်ခန့် တွဲဖက်မွေးမြူရကာ အမျိုးကောင်းဆိတ်ထီးများကိုလည်း ဈေးကောင်းပေးဝယ်ယူမွေးမြူကြရကြောင်း၊ ဆိတ်ရောင်းရခြင်းမှ ဝင်ငွေရရှိသလို၊ ဆိတ်မွေးမြူခြင်းမှ ထွက်ရှိသော ဆိတ်ချေးများကလည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေသြဇာထည့်သွင်းအသုံးပြုကြသည့်အတွက် တစ်နှစ်လျှင် (၃)သိန်းကျပ်မှ (၅)သိန်းကျပ်ခန့် ဝင်ငွေရသည့်အတွက် ဆိတ်မွေးမြူခြင်းမှာ အဆင်ပြေကြောင်း သိရသည်။


စိုးလင်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages