ရွှေဘိုမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေဘိုမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

 

209

208

ရွှေဘို၊ မတ် ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲအား စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်​တော်ကြီးတွင် မတ်လ (၂၅) ရက်​နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲ ဖြေဆိုနေကြသည့် ရဟန်း၊ သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အပါအဝင် ကြီးကြပ်ဆရာတော်များအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​​သောင်းတင်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်နိုင်နှင့် တာဝန်ရှိသူများ၊ မြို့မိ​မြို့ဖများ၊​စေတနာရှင် အလှူရှင်များက သွား​ရောက်ဖူး​မြော်ကြည်ညိုခဲ့ပြီး၊​ ရေသန့်၊ အချိုရည်များလှူဒန်း​ပေးခဲ့​ကြောင်းသိရပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲအား မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပြီး ပထမနေ့၌  စာဖြေသံဃာတော်/သီလရှင်၊ စုစု​ပေါင်း (၂၉၄) ပါးဖြေဆိုလျက်ရှိကြောင်း သိရသည်။


ခရိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages