ရွှေတိဂုံစေတီတော် ၂၆၁၃ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေတိဂုံစေတီတော် ၂၆၁၃ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားကျင်းပ

053

054

057

058

062

063

068

069

073


ရန်ကုန်၊ မတ်  ၁၂

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်ရွှေတိဂုံစေတီတော် ၂၆၁၃ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားကို ၁၂.၃.၂၀၂၅ရက်နေ့ ညနေ ၄ နာရီတွင် စေတီတော်ရင်ပြင် ဗုဒ္ဓဟူးထောင့်ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဗုဒ္ဓမြတ်စွာဘုရားအမှူးပြုသည့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတာ်ကြီးများ၊ စေတိယင်္ဂဏသြဝါဒါစရိယဆရာတော်ကြီးများ၊ ပင့်သံဃာတော်များနှင့်သာသနာ့နွယ်ဝင် သီလရှင်များက စေတီတော်တစ်ပတ်လှည်လည့် ဆွမ်းတော်ခံကြရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်းနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ရုံးဌာနများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊အလှူရှင်များ၊စေတနာရှင်ဘုရားဖူးပြည်သူများက သံဃဒါန ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

ယနေ့ရွှေတိဂုံစေတီတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော် ၁၂၁ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၂၇ ပါး စုစုပေါင်း ၁၄၈ ပါးတို့အား  ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှ သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages