ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံက ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံက ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနားသို့တက်ရောက်

037

038


ဘရာဇီးလျား၊ မတ် ၁၅

ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနားအား ဘရာဇီးလ်အမျိုးသားလွှတ်တော်အဆောက်အအုံ၌ ၁၃-၃-၂၀၂၅ ရက်၊ (၁၀:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံက ဘရာ ဇီးလျားမြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများ၊ အာဆီယံ-ဘရာဇီးလျားကော်မတီ အဖွဲ့ဝင် များနှင့်အတူ    ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနား၌ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် Waldemar Oliveira က အဖွင့်အမှာစကားပြောကြားခဲ့ရာ၊ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့အနေဖြင့် ဘရာဇီးလ်နိုင်ငံနှင့် အာဆီယယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် ယခုနှစ်တွင် ဥပဒေပြုရေးအဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ၊ အောက်လွှတ်တော်အမတ် Fausto Pinato ၊ ဘရာဇီးလ်နိုင်ငံ၊ ဆိပ်ကမ်းနှင့် လေဆိပ်များ ဝန်ကြီး HE. Mr. Sílvio Costa Filho ၊ အာဆီယံ-ဘရာဇီးလျားကော်မတီဥက္ကဋ္ဌ ဘရာဇီးလ်နိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး HE. Mr. Bui Van Nghi နှင့် ဘရာဇီးလ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန် Ambassador Eduardo Paes Saboia တို့က မိန့်ခွန်းများအသီးသီးပြောကြားခဲ့ကြရာ၊ ဘရာဇီးလ်-အာဆီယံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်ခိုင်မာစေရေးကိစ္စရပ်များအား အလေးပေး ပြောကြားခဲ့ကြကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages