ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိ

091

နေပြည်တော်၊ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ ဘူတာလမ်းဆုံမီးပွိုင့်အနီး၌ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကလေး)မှ တပ်ဖွဲ့ဝင်များ၊ ကလေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှအရှေ့သို့ ဖလမ်းမြို့၊ ကျင်မွှာလ်ရပ်ကွက်နေ ကျုံးဆောန်ထန်း(ကျား) (၃၉)နှစ်မောင်းနှင်လာသည့် MDY-15 1M/xxxx Hijet အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျုံးဆောန်ထန်းအား ကလေးမြို့မရဲစခန်း (ပ)၄၂/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊

အလားတူ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်၊ ပြည်ထောင်စုလမ်း၌ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် သလ္လာရပ်ကွက်နေ သန်းဇော်မြင့်(၅၁)နှစ်မောင်းနှင်သည့် YGN-17 1K/xxxx MARK II အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် သန်းဇော်မြင့်အား မုံရွာမြို့မရဲစခန်း (ပ)၅၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။                                                                                                      

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages