ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဝောာ်များ ဆက်ကပ်ချီးမြှင့်ပွဲအပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဝောာ်များ ဆက်ကပ်ချီးမြှင့်ပွဲအပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

064-01

065


 ပုသိမ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မတ်လ(၈)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဝောာ်များ ဆက်ကပ်ချီးမြှင့်ပွဲအပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  “ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို  နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပါကြောင်း၊ အခမ်းအနားကျင်းပရာတွင် အစီအစဉ်များ စနစ်တကျဖြစ်စေရေး ယခင်နှစ်ကျင်းပခဲ့သည့် အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာယူ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် မိမိတို့အားပေးအပ် ထားသည့် တာဝန်များကို ပီပီပြင်ပြင် အမှားယွင်းကင်းကင်းဖြင့် ကျေပွန်အောင်ဆောင်ရွက်ရန် လိုပါကြောင်း၊ ဘွဲ့တံဆိပ်တော်ဆပ်ကပ် လှူဒါန်းခြင်းခံရသည့် ဆရာတော်၊ သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ယာယီသတင်းသုံး နေထိုင်နိုင်ရေး၊ ဝေယာဝစ္စများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပမည့် သာသနာ့ဗိမာန်အတွင်း အပြင်နှင့် မုခ်ဦးများသန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စနစ်တကျရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပရာတွင် စက်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ များအားနည်းချက်များ မရှိစေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုပါကြောင်း၊  ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ပွဲတွင် ကြည်ညိုခံ ဆရာတော်ကြီးများ ပင့်ဖိတ်ဆောင်ရွက်မှု၊ ဧည့်ပရိသတ်များ ဖိတ်ကြားနေရာချထားမှုနှင့် အခမ်းအနားအစီအစဉ်များ စနစ်တကျရှိစေရေး သက်ဆိုင်ရာကော်မတီများအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။


ဆက်လက်၍  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခြင်း မင်္ဂလာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးသာသနာရေးမှူးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိမှု အခြေအနေနှိုင်းယှဉ်တင်ပြချက်၊ ၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကျင်းပမည့် အချိန်ပြဇယား၊  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲသို့ ပင့်ဆောင်မည့် အကြည်ညိုခံဆရာတော်များ စာရင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းခံရသည့် သံဃာတော်များ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များ စာရင်းများ၊ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ချီးမြှင့်အပ်နှင်းရန် လျာထားတင်ပြချက်၊  နဝကမ္မ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရန် လျာထားတင်ပြချက်များနှင့်  အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံတော်အဆင့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဝောာ်များ ဆက်ကပ်ချီးမြှင့်ပွဲအပ်နှင်းပွဲအခမ်းအနားသို့ ကြွရောက်မည့် အဘိဓဇမဟာရဋ္ဌဂုရု(၁)ပါး၊ အဂ္ဂမဟာပဏ္ဍိတ(၂)ပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ(၂)ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက(၃)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ(၆)ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ (၁)ပါး စုစုပေါင်း (၁၅)ပါးကြွရောက်တော်မူမည်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဝောာ်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းမည့် မဟာဂန္ထဝါစကပဏ္ဍိတ(၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတ(၅)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ(၁၀)ပါး၊ သဒ္ဓမ္မဇောတိကဓဇ(၂)ပါး၊ မဟာကမ္မဋ္ဌာနာစရိယ(၁)ပါး၊ ကမ္မဋ္ဌာနာစရိယ (၄)ပါး၊ သုဓမ္မသိင်္ဂီ(၁)ဦး၊ ပထမငယ်တန်းအထူးအောင်(၁)ပါး၊ အခြေပြုမူလတန်းအောင်(၁)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဝောာ်များ ဆက်ကပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages