ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများ ပေးအပ်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

088

089

090

ရန်ကုန်၊ မတ် ၁၅

အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြို့နယ်ခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လှိုင်သာယာ (အရှေ့) (အနောက်) ပိုင်းမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နိုင်ငံတော်အတွက် လုံခြုံရေးနှင့် အေးချမ်းတည်ငြိမ်ရန် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်နေ့ကြသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များကို လေးစားချီးကျုးဂုဏ်ပြုအသိအမှတ်ပြုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယူနီဖေါင်းနှင့် မိသားစုဝင်များအတွက် ဆန် နှင့် ဆီများကို ပေးအပ်ကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားကြောင်းနှင့် အခမ်းအနားအပြီးတွင် ပြည်သူ့လုံခြုံရေးတပ်ဖွဲများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages