တာမွေ၊ မတ် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်အဖွဲ့သည် ယနေ့န့နက်ပိုင်းအချိန်က ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ဘာသာရပ်များဖြစ်သည့် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စာမေးပွဲဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ၂၀၂၅-ခုနှစ် မတ်လ(၁၇)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ ဗေဒဘာသာရပ်တို့ကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန(၂)ခုတို့တွင် ဆက်လက်ကျင်းပခဲ့ပြီး ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment