ထားဝယ်ရေနက်စီမံကိန်း ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆို ပါဝင်လို့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ထားဝယ်ရေနက်စီမံကိန်း ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆို ပါဝင်လို့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

BG%2023

နေပြည်တော်၊ မတ် ၁၀

ရုရှား၊ ဘယ်လာရုစ် ခရီးစဉ်မှ အပြန် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း အား မီဒီယာများက မေးမြန်းစဉ် "မြန်မာနိုင်ငံမှာ အဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး သုံးခုရှိတယ်။ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတို့ဖြစ် တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းသည် ရပ်ဆိုင်းနေ တာကြာပြီ။ ဒီထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ ဆောင်ရွက်နိုင်ဖို့ MoU လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်။ သို့သော် ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာ ပါဝင်လို့ရပါတယ်။" ဟု ထည့်သွင်း ဖြေကြားထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "အဓိက ကတော့ နိုင်ငံ့အတွက် ဘာအကျိုးအမြတ်ရှိခဲ့လဲဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ဘာတွေရှိခဲ့လဲဆိုတော့ နံပါတ်တစ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ ကဏ္ဍသုံးရပ်အနေနဲ့ကျွန်တော် ခွဲပြောမှာဖြစ် ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး နိုင်ငံရေးနဲ့ ပတ်သက်ပြီး အာမခံချက်ရခဲ့တာက ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေက ယခင်ကတည်းက နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့တာဖြစ်တယ်။ အခုလည်း ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ ခိုင်ခိုင်မာမာ အာမခံချက်ရရှိခဲ့တယ်။ နံပါတ်နှစ်အချက်က ကျွန်တော် မြန်မာ နိုင်ငံမှာ အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အစောဆုံးသည် ဒီဇင်ဘာလ နောက်ဆုံးအပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလ ဒုတိယအပတ်လောက်မှာဖြစ်မယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေအပြင် ကျန်တဲ့နိုင်ငံတကာတွေက ထောက်ခံပေးပါတယ်။ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေက ထဲထဲဝင်ဝင် ဝင်ရောက်ထောက်ခံပေးတဲ့အပြင် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေလည်း လွှတ်ပေးမယ်ဆိုတဲ့ ခံယူချက်မျိုး ရရှိခဲ့တယ်။ ပြည်သူတွေအနေနဲ့ ဝမ်းသာစရာက ကျွန်တော်တို့သည် ပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေပြန်သွားမယ်။ မလွဲမသွေဆောင်ရွက်ပေးမယ်။ ဒါသည် အောင်မြင်ခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ပါတယ်။" ဟု ပြောသည်။

ဆက်လက်၍ "စီးပွားရေးကဏ္ဍနဲ့ပတ်သက်ရင် ရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့သည် ကျွန်တော်တို့နိုင်ငံထက် နည်းပညာမြင့်မားတာတွေရှိတယ်။ ကျွန်တော်တို့ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ စက်မှုစီးပွားကိုသွားမယ့်နိုင်ငံလို့ သတ်မှတ်ထားတယ်။ ဒီလိုမျိုးလုပ်နိုင်ဖို့ ကျွန်တော်တို့မှာ အခွင့် အလမ်းကောင်းတွေရှိတယ်။ ရုရှားလို နိုင်ငံမျိုးနဲ့ မပြောသေးဘူး။ မြန်မာရဲ့ အကျယ်အဝန်းထက် ဘယ်လာရုစ်နိုင်ငံသည် သုံးပုံတစ်ပုံလောက်ပဲ ကျယ်ဝန်းတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တယ်။ ဒါ့အပြင် ဘယ်လာရုစ်နိုင်ငံသည် လူဦးရေအများဆုံး ၉ ဒသမ ၁ သန်းပဲရှိတယ်။ သို့သော် သူ့ရဲ့ စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းကနေရရှိတဲ့ GDP က ၉ ဘီလီယံနီးပါးထိရရှိတယ်။ အဲဒီမှာ ကြည့်လိုက်တော့ သူသည် လယ်ယာစိုက်ပျိုးမှုဧရိယာက မြန်မာနိုင်ငံထက်နည်းတယ်။ ဒါ့အပြင် ကန့်သတ်ချက်တွေလည်း ရှိပါတယ်။ အခုချိန်မှာ ဘယ်လာရုစ်နိုင်ငံရဲ့ ရာသီဥတုက ညပိုင်းမှာဆိုရင် အနုတ် (-၂ ) ဒီဂရီစင်တီဂရိတ်မှ (-၁၂ ) ဒီဂရီစင်တီဂရိတ်လောက်ရှိတယ်။ တချို့နေရာတွေမှာလည်း အမြဲတမ်းအေးနေတယ်။ စိုက်ပျိုးဖို့အတွက် မြေကန့်သတ်ချက်၊ ရာသီဥတုကန့်သတ်ချက်တွေရှိ တယ်။ ဒီလိုမျိုးနိုင်ငံတောင်ဖြစ်ထွန်းရင် ကျွန်တော်တို့လို ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်တဲ့ နိုင်ငံက မဖြစ်ထွန်းစရာအကြောင်း မရှိပါဘူး။ လိုအပ်နေတာက ခေတ်မီတဲ့ စိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တာရှိတယ်။ ခေတ်မီတဲ့ စိုက်ပျိုးမွေးမြူရေးစနစ်က လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ တောင်သူ လယ်သမားတွေရဲ့ လိုအပ်နေတဲ့ ဓာတ်မြေဩဇာလိုအပ်ချက်တွေ၊ ဒီဓာတ်မြေဩဇာ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်လျက်ရှိတယ်။ စာချုပ်တွေ ချုပ်ဆိုခဲ့တာ ရှိတယ်။ ဒါ့အပြင် ဓာတ်မြေဩဇာနဲ့ပတ်သက်ပြီး လိုအပ်ချက်ဆိုရင် မြန်မာနိုင်ငံမှာ စက်ရုံတည်ဖို့ ဖိတ်ခေါ်ခဲ့တာရှိတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့လည်း ဓာတ်မြေဩဇာ စက်ရုံတည်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး သုံးခုရှိတယ်။ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတို့ဖြစ် တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းသည် ရပ်ဆိုင်းနေ တာကြာပြီ။ ဒီထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ ဆောင်ရွက်နိုင်ဖို့ MoU လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်။ သို့သော် ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာ ပါဝင်လို့ရပါတယ်။ လုပ်ဆောင်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်။" ဟု ရှင်းလင်းပြောဆိုသွားသည်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်း က "လူမှုရေးကဏ္ဍ ပညာရေး၊ ကျန်းမာရေးမှာ သူတို့နိုင်ငံက မြင့်မားကြတယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍမှာ တိုးတက်အောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီခရီးစဉ်တစ်ခုလုံးကို အနှစ်ချုပ်ပြီးပြောရရင် ကျွန်တော်မြန်မာနိုင်ငံရဲ့ ပြည်သူတွေ မျှော်မှန်းနေတဲ့ ကျွန်တော်တို့ လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့၊ ပြန်လုပ်နိုင်ဖို့၊ ပြန်ဆောင်ရွက်နိုင်ဖို့၊ ပြန်ပြီးအောင်မြင်နိုင်ဖို့ တိုင်းပြည်တစ်ပြည်လုံး ပိုပြီးဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက် ဒါအလားအလာကောင်းတွေကို ဆောင်ကြဉ်းနိုင်ခဲ့တဲ့ခရီးစဉ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages