မြန်မာ့ရိုးရာ သင်္ကြန်စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာ့ရိုးရာ သင်္ကြန်စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

006

ညောင်ဦး၊ မတ် ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်စည်းကားသိုက် မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၁ ရက်၊ နံနက် ၉ နာရီ အချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် စည်းကားသိုက် မြိုက်စွာကျင်းပနိုင်ရေး အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခမှဗဟိုသင်္ကြန်မဏ္ဍပ်တည် ဆောက်ရေး၊ ရေရယူနိုင်ရေး ၊စီမံဆောင်ရွက်ထားရှိမှုတို့အားဆွေးနွေးတင်ပြသည်။ ဆက်လက်၍ သင်္ကြန်ပွဲတော်စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က သင်္ကြန်ပွဲတော်စည်းကား သိုက်မြိုက်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages